အဝတ်အစားဝတ်ရင် အသားသိပ်မပေါ်ချင်တဲ့ ပျိုမေတို့သဘောကျမယ့် Lisa ရဲ့ ဖက်ရှင်စတိုင် (၁၂) မျိုး
mystylemyanmar.com
|
2023-06-09

Fashion Icon တွေထဲမှာ Blackpink အဖွဲ့ဝင် Lisa လည်း ပါဝင်ပါတယ်။ သူမက Instagram Follower ပေါင်း 94 Million ကျော်ရှိပြီး ဒီထဲ သူမရဲ့ ဖက်ရှင်စတိုင်ကို သဘောကျသူတွေ အများအပြား ပါဝင်မှာပါ။ သူမရဲ့ Instagram မှာ တင်ခဲ့ဖူးတဲ့ ဖက်ရှင်စတိုင် အများစုက စတိုင်ကျလှပြီး သူမနဲ့ လိုက်ဖက်နေတတ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အသားသိပ်မပေါ်ချင်တဲ့ ဖက်ရှင်ကို သဘောကျတဲ့ ပျိုမေတွေ နမူနာယူနိုင်မယ့် Lisa ရဲ့ ဖက်ရှင်စတိုင်တွေကို ဖော်ပြလိုက်ပါတယ်။

၁။ Gray Hoodie


သူမက မီးခိုးရောင် Hoodie ကို ဆန်းသစ်သွားအောင် အနက်ရောင် Coat နဲ့ နေကာမျက်မှန်ကို ပေါင်းစပ်ထားပါတယ်။

၂။ Coachella ပွဲမှာ


Lisa က Coachella ပွဲမှာ ရှပ်လက်ရှည်နဲ့ Jeans ဘောင်းဘီကို တွဲဖက်ဝတ်ဆင်ခဲ့ပါတယ်။

၃။ Ayutthaya သွားခဲ့တုန်းက



Lisa က သူမရဲ့ အမိနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံ Ayutthaya ကို ခရီးသွားတဲ့အချိန်မှာတော့ Blouse နဲ့ Maxi Skirt ကို ဝတ်ခဲ့ပါတယ်။


ထဘီလို့ပဲ ပြောရပါမယ်။

၄။ Sundress



သူမက Sundress နဲ့ ချစ်ဖို့ကောင်းစွာ စတိုင်ကျနေပြီး ဒါကို Baseball Cap နဲ့ တွဲထားပါတယ်။

၅။ Picnic Lunch


Cottage core Vibe အပြည့်ပေးတဲ့ ဝတ်စုံလေးနဲ့ Lisa က လိုက်ဖက်နေတာပါပဲ။

၆။ အဖြူပေါ်မှာ ပန်းပွင့်ရိုက်ထားတာ



သူမက Cream Colored Top ပေါ်မှာ ပန်းပွင့်ရိုက်ထားတဲ့ ရိုးရိုးရှင်းရှင်းစတိုင်လေးနဲ့ လှနေပါတယ်။

၇။ Denim


သင်က Denim စတိုင်ကို သဘောကျရင် Lisa လို ဝတ်နိုင်ပါတယ်။

၈။ Closet Staple

သူမက အဝတ်ဗီရိုထဲမှာ ပျိုမေတိုင်း ရှိထားသင့်တဲ့ အဖြူရောင် ရှပ်၊ တီရှပ်စတာတွေကို ကျွမ်းကျင်စွာ တွဲဝတ်နိုင်သူပါ။




၉။ Basics

စတိုင်ကျတဲ့ အဝတ်အစားတွေက Basics ကို အခြေခံထားတယ်ဆိုတာ Lisa က သက်သေပြနေပါတယ်။


၁၀။ အစင်းကြောင်း

အစင်းကြောင်း အင်္ကျီကိုမှ စီးကွင့်ပါတာကြောင့် ပိုလှသွားပါတယ်။



၁၁။ Oversized Polo

Oversized အဝတ်အစားစတိုင်နဲ့ အပြင်ထပ် ဝတ်လေ့ရှိတာက Lisa ရဲ့ စတိုင်ကျခြင်း လျို့ဝှက်ချက်တွေထဲက တစ်ခုပါပဲ။


၁၂။ Cat Mom

Lisa က သူမ ချစ်ရတဲ့ ကြောင်လေးတွေနဲ့ ဓာတ်ပုံရိုက်တဲ့အချိန်မှာတော့ ပေါ့ပေါ့ပါးပါး ရှိတဲ့ အဖြူရောင် Blouse ကို ဝတ်ထားပါတယ်။


Source: Koreaboo

By MyStyle Myanmar




Some text some message..